Myit Rum Ni

Get Downloader

Torrents Ra Jang

4 Dec 2007

PostHeaderIcon madat mara ai lam

အမိန့်နှင့်ဆောင်းပါး

နေနတ်နွယ်ရေးသားသည်

ကျွန်တော်တို့ လူမျိုးတွေဟာ စိတ်ဓါတ်ပြင်းပါတယ်။ ယိုးဒယားနဲ့ ပြဿနာတက်ခဲ့တုန်းကပဲကြည့်ပါ။ စစ်အစိုးရမကောင်းတာ ခဏမေ့ သွားပြီး တိုင်းပြည်နဲ့ လူမျိုးထိတော့ မချိအောင်နာပြီး တကယ်ချဖြစ်ရင်တပ်ထဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့ကြဖူးတဲ့ လူတွေထဲမှာ ကျွန်တော် လည်း ပါပါတယ်။

တကယ်ပါ။ မြန်မာနိုင်ငံထဲကို လေယာဉ်တွေနဲ့ ၀င်ပစ်တယ်ကြားတော့ အသားဆတ်ဆတ်တုန်အောင် ဒေါသထွက်ခဲ့ဖူးပါတယ်။ (ကျောင်း တော်က ရန်စကြောင့်လည်း ပါရင်ပါမှာပေါ့လေ။ NATO လာပစ်ရင်တော့ ပျော်ရင်တောင် ပျော်နေကြမှာ။) တကယ်သာချဖြစ်ရင်လည်း စစ်သားဦးရေက သန်းနဲ့ချီပြီးတောင် ရှိသွားနိုင်ပါတယ်။ ခုလိုလိုက်ပြီး အတင်းဝင်ခိုင်းဖို့တောင်မလိုပါဘူး။ (တိုင်းပြည်ကိုစစ်သားဘဲ ချစ် တယ်ထင်တဲ့ ငကြောင်များ သိစေလိုပါတယ်။) အဲဒါကိုလည်း နအဖက သိပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုပြီးတစ်ခုလာဖို့ သေချာ ပါတယ်။ ကိုယ့်ဘက်က သေချာပြင်ဆင်ထားဖို့လိုပါတယ်။

အဲလိုစိတ်ဓါတ်ပြင်းတဲ့ လူမျိုးများဖြစ်သော်လည်း သနားတတ်၊ အားနာတတ်တဲ့နေရာမှာလည်း ပြိုင်ဘက်မရှိပါ။ အဲဒီတော့ သနားစရာ စကားလုံးလေးတွေ သုံးရင် တွေဝေမှုတွေ ဖြစ်ကုန်ပါတော့တယ်။ အမိန့်နာခံရတဲ့ စစ်သားတွေဘ၀ကို နားလည်ပေးပါတဲ့။ Democracy Country တွေက စစ်သားတွေလည်း အမိန့်နာခံရတာပဲတဲ့။ အမိန့်နာခံမှုဆိုတာ ကျွန်တော်တို့တပ်ရဲ့ အသက် သွေးကြောပါတဲ့။ အချို့က လည်း ခံစားချက်နဲ့ကိုရေးတယ်ထင်ရတော့ သနားမိပါတယ်။ သို့သော် သနားလိုက်ရင် ပြဿနာတက်ဖွယ်ရှိတာကြောင့် ရေးလိုက် ပါ တယ်။ ပထမအချက်၊ Democracy စစ်သားတွေအမိန့်တိုင်း မနာခံကြပါ။ မတရားဘူးထင်ရင် အထက်လူကြီးကို ပြောင်ပြောင်တင်းတင်း ကို ဆန့်ကျင်ပါတယ်။ စစ်တပ်တွေမှာ အမိန့်နာခံမှုဟာ တပ်ရဲ့ အသက်သွေးကြောဆိုတာ မငြင်းပါ။ မှန်ပါတယ်။ US ကစစ်သားတွေဆို စက်တင်ဘာအရေးအခင်းလို လူတွေကို ပစ်သတ်ပါ့မလား (ပစ်ရင်ပစ်မယ်နော် သတ်တာမပါဘူး။ ကံမကောင်းရင်ပစ်မိန့် ပေးတဲ့လူပဲ
ပြန်အပစ်ခံရဖို့ ရှိတယ်)။

အဲလိုလုပ်နေတဲ့အစိုးရကို မြန်မာနိုင်ငံက စစ်သားတွေလို အဘကြီးခေါ်ပြီး ကိုယ်ကျိုးအတွက် ချစ်နေကြပါ့မလား။ လောင်းရဲတယ်ဗျို့ US မှာသာ ဒါမျိုးဖြစ်ခဲ့ရင် ဒီအချိန် အဲဒီအစိုးရ အယူခံတောင် ၀င်နေရလောက်ပြီ။ အဲလောက်ရှင်းရှင်းလေးကို သနားစရာကောင်းတဲ့ စာလုံး လေးတွေနဲ့ ရှုပ်အောင်မလုပ်ချင်ပါနဲ့။

လက်ညောင်းတယ်။ အချူပ်ပြောမယ်။ အမိန့်နာခံတာ နှစ်မျိုးရှိတယ်။ လူအမိန့် နာခံတာနဲ့ ခွေးအမိန့် နာခံတာ။ လူက ကောင်းတယ်၊ မကောင်းဘူး စဉ်းစားတယ်။ မလုပ်သင့်ဘူးထင်ရင် မလုပ်ဘူး။ ရှင်းရှင်းလေး။ အမိန့်ဆိုပြီး ကိုယ့်မိဘ ကိုယ်ပြန်သတ်ကြမလား။ ကိုယ့် ကိုကိုယ် သတ်သေခိုင်းရင်ကော။ မထင်ပေါင်လုပ်လိမ့်မယ်လို့။ အကျိုးအကြောင်း၊ အဆိုးအကောင်း စဉ်းစားပြီး အမိန့်နာခံတာကို လူ အမိန့်နာခံတာလို့ခေါ်တယ်။ (တော်တော်ဟုတ်တဲ့ကောင်တွေ။ သူများညီမ မတရားသွားလုပ်ဆိုတော့အမိန့်နာခံတာ၊ ကိုယ့်နှမ ကိုယ်ပြန် လုပ်ဆိုမှ သေနတ်နဲ့ပြန်ပစ်မဲ့ကောင်တွေ)။

ခွေးအမိန့်နာခံတာကတော့ ရှင်းပါတယ်။ ရှူးတိုက်ရင်ကိုက်မယ်။ ကျောသပ်ပေးရင် သာယာနေမယ်။ ပေးတာယူပြီး ကျွေးတာစားမယ်။ သခင့်အလို တခုပဲသိတဲ့ ခွေးအမိန့်နာခံမှုမျိုး။ ရှင်းရောပေါ့။ တိုက်ခိုက်လိုတာထက် သူတို့ဟာသူတို့ ဖြစ်နေတဲ့ဟာကို၊ ဖြစ်နေတာကို အ မှန်အတိုင်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ရှင်းပြတာပါ။ ဘာအကြောင်းနဲ့မှကို သနားကြည့်ပေးလို့ မရဘူး။ အဲ ..တစ်ခုတော့ သနား တယ်။ ကိုယ့်ဟာကိုယ်ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေတာကိုပါ။ အမြန်အမှန်ကိုမြင်ပြီး ပြင်နိုင်ပါစေ။

ဟုတ်ကဲ့။ အမြင်ပေါင်းစုံနဲ့ ဆောင်းပါးပေါင်းစုံကို ဖတ်ဖူးကြမှာပါ။ ဒီနေရာမှာ ပြောစရာတစ်ခုပဲ ရှိပါတယ်။ ပြဿနာဖြစ်နေတာလေးတွေ ပေါ့လေ။ ဆောင်းပါးရေးရင် အားလုံးနားလည်အောင် ရည်ရွယ်ပြီးရေးဖို့ လိုမယ်ထင်ပါတယ်။ ဆရာဝန်က ဆရာဝန်လို ရေးလိုက်ရင် လူ တိုင်း နားမလည်နိုင်ပါ။ ကိုယ်သိထားတဲ့အတိုင်းရေးလို့ မရပါဘူး။ အားလုံး နားလည်အောင်ရေးဖို့လိုပါတယ်။ ဖတ်တဲ့လူတွေထဲမှာ (၈)တန်းတောင် မအောင်တဲ့လူတွေလည်း ပါနိုင်ပါတယ် (သဘောကိုပြောတာပါ။ အတန်းပညာနဲ့ အတွေးအခေါ်ရှိတာ၊ ကောင်းတာဟာ လုံးဝကြီးတော့လည်း မဆိုင်ပါ။)။ အချို့ လူတွဟာ မိမိနားလည်သလို လိုက်နားလည်ပေးချင်မှ ပေးနိုင်ပါလိမ့်မယ်။ ထို့ကြောင့် မိမိနားလည် သလိုမရေးသင့်ပါ။ ဆောင်းပါးဟာ လူအများအတွက် ရည်ရွယ်တာပါ။ စာကြောင်းတိုင်းဟာ ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြတ်ပြတ် သားသား ရေးသားသင့်ပါတယ်။ ဆောင်းပါးဟာ Eassy ရေးပြီး ဆရာဆီ လှမလှတင်ရသလို မဟုတ်ပါ။

အထူးသဖြင့် နိုင်ငံရေးနှင့် ပတ်သက်လို့ တိုက်ပွဲဝင်နေသူများပါ။ မိမိဆောင်းပါးကို အကုန်လုံး တိတိကျကျ နားလည်အောင်၊ တစ်လုံးချင်း နားလည်အောင် ဖတ်လိမ့်မယ်မယူဆပါနဲ့လို့ တောင်းပန်ပါရစေ။ တခါတရံမှာ တန်ဆာသိပ်ဆင်လိုက်ခြင်းက အတွေးမှားဘက်ကို ရောက် သွားစေနိုင်ပါတယ်။ စာရေးခြင်းဆိုတာ အတတ်ပညာတစ်မျိုးပါ။ မိမိစာကြောင်းတိုင်းကို မိမိလို တခြားလူတွေနားလည်လိမ့်မယ်မထင်ပါနဲ့ လို့ ပြောပါရစေ။ ကျွန်တော် စာရေးဆရာမဟုတ်ပါ။ ကျွန်တော်တို့ဟာ Professional တွေ မဟုတ်သော်ငြား၊ နိုင်ငံရေးနဲ့ ပတ်သက်တာ ရေးနေတဲ့အတွက် ဘက်ပေါင်းစုံ၊အမြင်ပေါင်းစုံက ကြည့်မြင်ရေးသားသင့်ပြီး စာကိုဖြတ်တောက်ရာမှာ သတိထားသင့်ပါတယ်။ အထင်၊ အမြင်၊ တိမ်းစောင်း လွဲမှားစေနိုင်သော (ကိုယ့်လူအချင်းချင်းထဲမှာ ပြောတာပါ) စကားလုံး၊ အသုံး၊ စာကြောင်းတွေကို အထူးသတိထား သင့်ပါတယ်။ နိုင်ငံနဲ့လူမျိုးကိုချစ်လို့ ရေးနေတဲ့လူမျိုးတွေကို အပြစ်ပြောတာ မဟုတ်ပါ။ သတိထားပြီး ရေးသင့်တာတော့ အမှန်ပါ။

လေးစားလျှက်
နေနတ်နွယ်

သိမ်းထားရန်..

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos