Myit Rum Ni
Manang Ni
-
-
-
NYAWM AI TSAW MYIT ( K-Triplet )7 years ago
-
Blog address galai sai lam.10 years ago
-
-
-
-
-
Portable VLC Media Player 0.9.715 years ago
-
-
-
-
-
-
8 Jan 2008
Mani Hpa ni!



matut shana ai ....Dum nga n-ngai
(၁)လူ့သဘော
တရားခွင်တစ်ခု။ တရားသူကြီးအမှုစစ်နေသည်။
တရားသူကြီး ။ ။ ဟေ့သူငယ် မင်းဘယ်မှာ အလုပ်လုပ်တာလဲ။
တရားခံ ။ ။ ဟိုနားဒီနားမှာပါ။
တရားသူကြီး ။ ။ ဘာအလုပ်လုပ်တာလဲကွဲ့။
တရားခံ ။ ။ ဟိုအလုပ်ဒီလုပ်ပါ။
တရားသူကြီး ။ ။ ဟေ့...တရားခံကိုခေါ်သွားလို့ရပြီ။
တရားခံ ။ ။ ခဏနေကြပါဦးဗျာ၊ ကျွန်တော့်ကို ဘယ်တော့လွှတ်မှာလဲ။
တရားသူကြီး ။ ။ ဟိုအချိန်ဒီအချိန်ပေါ့ကွာ။
Reader's Digest, June 2003, pp. 36
(၂) လူသေလက်
အငှားကားတစ်စီးပေါ်မှာ။ ခရီးသည်က ယာဉ်မောင်းသူရဲ့ ပခုံးကိုပုတ်ပြီး 'ဒီမှာ..ဒီမှာ' လို့ ရုတ်တရက် ခေါ်လိုက်သည်။ ကားမောင်းနေတဲ့ ဒရိုင်ဘာက လန့်ဖျတ်ပြီး ထိတ်လန့်တကြားအော်လိုက်သည်။ ကားလေးကလည်း အထိန်းအကွပ်မဲ့စွာနှင့် ဘတ်စ်ကားတစ်စီးကိုတိုက်မိတော့မလိုဖြစ်ပြီးမှ ပလက်ဖောင်းပေါ်ကို ထိုးတက်သွားသည်။ ပလတ်စတစ်မှန်ပြူတင်းပေါက်ကြီးနှင့် လက်တစ်လုံးလောက်အကွာမှာ ၀ုန်းခနဲ ထိုးရပ်သွားသည်။
အရာအားလုံးက ခဏတဖြုတ် ငြိမ်သက်လျက်။ ပြီးမှ
ဒရိုင်ဘာ ။ ။ လန့်လိုက်တာဗျာ။
ခရီးသည် ။ ။ တောင်းပန်ပါတယ်ဗျာ။ ပခုံးကိုပုတ်ရုံနဲ့ ခင်ဗျားဒီလောက်ထိ လန့်သွားလိမ့်မယ်လို့ မထင်မိခဲ့လို့ပါဗျာ၊ ဆောရီးနော်။
ဒရိုင်ဘာ ။ ။ ရပါတယ်ဗျာ၊ ဒါက ခင်ဗျားရဲ့ အမှားမဟုတ်ပါဘူး၊ ကျွန်တော်က ဒီနေ့မှ အငှားယာဉ်စမောင်းတာဗျ။ ပြီးခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လုံးလုံး အသုဘယာဉ်မောင်းလာတာလေ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Chyeju kaba sai