Myit Rum Ni
Manang Ni
-
-
-
NYAWM AI TSAW MYIT ( K-Triplet )7 years ago
-
Blog address galai sai lam.10 years ago
-
-
-
-
-
Portable VLC Media Player 0.9.715 years ago
-
-
-
-
-
-
Matut shana ai..


အဖ ၏ ၀မ်းရေစပ်ခြင်း
လေးစားပါတယ် ဗိုလ်ချုပ်ရယ်
ဓလေ့မတူ သွေးဆူလွယ်သူကတမျိုး
ဓလေ့မထား အသေစားသေရမယ်လို့ ဆိုသူကတဖုံ
အားလုံးကို စုစည်းလို့
ကိုယ့် ပြည်ကြီးကို ချစ်ဖို့
ကျုပ်တို့ကိုစည်းရုံးနိုင်ခဲ့ပါပေတယ်။
တိုင်းတပါးသား ကုလားဖြူများက
ကမ္ဘာအရပ်ရပ် မြေပြင်အထပ်ထပ် မှာ
ပရမတ် သဘာဝအတိုင်း ရှိစမြဲဖြစ်တဲ့
မြေပြန့်နဲ့ တောင်ပေါ်ကို
ဘယ်လိုမှ မဆိုင်တဲ့စကား
တောင်တန်းနဲ့ ပြည်မခြားရမယ်လို့
စကားလုံးတချို့သုံးပြီး အပြီးခွဲဖို့ ကြံခဲ့ကြတယ်
ဒါ့အပြင် ပြည်သူ့ကောင်းကျိုး
ဘာတမျိုးမှမှတ်တိုင်မဆိုက်
ကြံ့ခိုင်စွာ မရပ်တဲ့
"ဘာတဲ့" ၃၇မင်း
အတွင်းအပြင် နှစ်ရပ်ခွဲလို့
ဇာတ်ပွဲ ယောင်ယောင် လုပ်ခဲ့သေးပါရဲ့
ဒါပေမဲ့ ဗိုလ်ချုပ်ကောင်းမှူ
ပေါင်းစုလို့ ညီညွတ်ခဲ့ပါပေတယ်။
အခုတော့လေ...
တိုင်းပြည်ကိုကယ်ဖို့မလုပ်နှိုင်
ဖားပြုတ်ထိုင် ထိုင်ပြီး
မဟုတ်တာတွေ ကိုင်ထား
မှန်ပါ့ ဘုရားပြောမယ့်သူတွေကိုဘဲ
စုစည်းဖို့လုပ်တယ်။
တကယ်ပါ ဗိုလ်ချုပ်ရယ်
အဲ့ဒီ့ အာဏာ ယစ်မူး တဏှာရူးတွေကြောင့်
ကျွန်တော်တို့ တကယ်ကိုဘဲ
အသွေးရောအသဲရော ကွဲပြီထင်ပါရဲ့ဗျာ။
ကြည့်ပါအုံး...
ကိုယ်ဆိုင် ကိုယ်ထိုင်ပြီး
ရင်ထဲမှာ ခံစားနေရတဲ့ မွန်းကြပ်မူတွေ
ပျေက်ကွယ်နေတဲ့ အမှန်တရားတွေကို
တိုးတိုးတိတ်တိတ် ရိုးတိုးရိပ်တိတ်တောင်
မပြောရဲ မပြရဲတဲ့ဘဝ
ရိပ်ဖမ်း သံဖမ်း လေးများ
ကြားသွားလေမလားလို့။
ကျောချင်းကပ်က ဖြူစိမ်းဝတ်ရုံ
ကိုယ်လုံးခြုံလို့ ကျောင်းသားအရောင်
အမောင် ဘယ်သူတုံးကွယ်
ညာဘက် မှာလည်းကြည့်ပါဦးလေ
ဘိုကေ အပြောင် ပိုးပုဆိုးနဲ့
ရိုးယဉ်သလိုပါဘဲ မှတ်မိ
သေချာစွာကြည့် ခါးကြားမှာ ရှိတာက
သားရေပြောင်အနက်အိပ်နဲ့ ငွေရောင်လက်ထိပ်
ဘယ်ကိုကြည့်အုံး ပြောမဆုံးသေးဘူး
အဆီပြန် မျက်နှာပေးနဲ့
မသတီစရာ ကလေးတွေကို
ပြောနေလိုက်ပုံများ "ဘာတဲ"့
ကျွန်တော်က နှစ်ကြီးသမား
မူစရာ လူ မရှိဘူးတဲ့
"တုချင်သပဆို ခုပင်ထ" ဆိုဘဲ
အဲ..ဒါပေမဲ့ပြောပါရစေဦးတဲ့
သူတကာတွေ အုံခွာမယိမ်းရအောင်
ပူစရာတွေကို ကူကာညိမ်းစေမဲ့
သူဟာ… "တာဝန်"အရ "လုံထိမ်း" ဆိုပဲ။
အနီးအနားက ဇနီးမယားကို အသာထားပြီး
ကျွန်တော်တို့ ဘယ်သူ့ကို ယုံရပါ့မလဲ
သွေးကွဲချက်ကနာ တွေးရဲရက်ကြစရာမရှိအောင်ပါ ဘဲ
အမှန်တရားကို နားမလည်
သစ္စာကိုမသိ မိမိတ၀မ်းတခါးအတွက်
ရမ်းကားချင်တိုင်းရမ်းကားကြတော့မယ်ဆိုရင်
တကယ့်ကိုပါပဲ...
ကျောသပ်ပေးရင် အမြှီးနန့် တတ်တဲ့ သတ္တ၀ါတွေ
ဖြစ်မှန်း မသိဖြစ်နေကြပြီ။
အေးလေ.. အသွင်မတူ အိမ်သူမဖြစ်
အသွင်တူမှ အိမ်သူ ဆိုတာပဲလေ
အထက်ပိုင်းက အချက်တိုင်းကို ကြည့်ပါအုံး
"ဘာတဲ့"
တပ်မတော် ဖြိုခွဲသူ ဒို့ရန်သူ ဆိုလားပဲ
အကုန်တော့ မရပါဘူး
ဘယ်သူကများ တပ်မတော်ကို ခွဲနေလို့တုံး။
ရဲဘော်တို့တွေဘဲ
သစ္စာ မျက်စိနဲ့ အမှန်တရားကို ရှာကြည်ပါအုံးကွာ။
အာဏာ နဲ့ နေရာအတွက်
မာန်ဖီ ဟောင်ကိုက် ခြိမ်းချောက်လိုက်သံတွေ
ဘ၀ဂ် ညံပေါ့။
ဇတ်တူသားခြင်း
စတေးခံသွားရသူတွေ
လက်ရှိ အကျဉ်းစံနေရသူတွေ
ကမ္ဘာအသိ..ပြည်သူတွေအသိပါဘဲ။
ဒီအကြောင်းတွေကို
ရင်မှာပိုက် တိုးတိုးတိတ်တိတ် တိုင်တည်ကာ
အတင်းကြိတ်ငိုမယ်လို့ အပြေးအလွှားလာကာမှ
ရင်ဖွင့်စရာ ပန်းခြံအလယ်မှာ
ဗိုလ်ချုပ်နဲ့ တူတာ
ကျွန်တော်တို့မြို့ မှာလေ…
ကျွန်တော်တို့ မြို့ မှာ
ကြေးရုပ်တောင် မရှိတော့ဘူးဗျ။
အလင်းရှင်
0 comments:
Post a Comment
Chyeju kaba sai