Myit Rum Ni

Get Downloader

Torrents Ra Jang

19 Feb 2008

PostHeaderIcon ဟုတ်တယ် ... ဒါဆို ချစ်သွားပြီထင်တယ်

matut shana ai ....Dum nga n-ngai

(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့ ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၃) အတူ ရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်း ထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ်ချစ်မိ သွားလို့ပဲ။

(၅) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၆) သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်တတ်ရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

(၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိယနေမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

ဟုတ်တယ်... ဒါဆို ချစ်သွားပြီထင်တယ်... သီချင်းကို ခေါင်းစဉ်ယူထားပါတယ်။ ချစ်နိုင်ကြပါစေ။

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos