Myit Rum Ni
Manang Ni
-
-
-
NYAWM AI TSAW MYIT ( K-Triplet )7 years ago
-
Blog address galai sai lam.10 years ago
-
-
-
-
-
Portable VLC Media Player 0.9.715 years ago
-
-
-
-
-
-
12 Feb 2008
ပုံမပြောနဲ့


matut shana ai ....Dum nga n-ngai
သီချင်းကတော့ သီချင်းအေးလေးပါပဲ။ ဒါပေမဲ့ နားထောင်ပြီး အူလှိုက်အသည်းလှိုက်ကို ရီချင်တယ်။ ဘာ့ကြောင့်လဲဆိုတာကတော့ သဘောပေါက်တယ်ဟုတ် :P
ကျန်းမာပျော်ရွှင်ပါစေ :)
Credit to : DVB, PhoeWa
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက "မကြာမီ ပြီးစီးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုခြင်းကို ၂၀၀၈ ခုနှစ် မေလတွင် ကျင်းပမည့်အကြောင်းနှင့် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်" ဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် နှစ်ခုကို ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ [ News Via : DVB ]
ဒီသတင်းလေးကို ဖတ်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်နေမိတယ်။ စာသားလေးတွေကိုပါ မျှဝေလိုက်ပါတယ်။ သီချင်းနာမည်က "ပုံမပြောနဲ့" တဲ့ ;)
ဒီကို ပြန်လာတာ ဘာကြောင့်လဲဟာ
ငါ မျက်ရည်ကျအောင် လုပ်ခဲ့ပြီး
ပြန်ဆုံတာ တကယ်ကို မထူးတော့ပါ
နင် မြင်နိုင်တယ် ငါ သိပ်စိမ်းတယ်
(ပုံပြင် အသစ်တွေ ထပ်မပြောပါနဲ့)
ဒီနေ့ ငါ နင့်ကို မလွမ်းတော့ဘူး
ဘယ်လို ထင်ထင် ငါ တကယ် ဂရုမစိုက်ဘူး
နင် ကိုယ်တိုင် ပြန်တွေးကြည့်ပေးပါကွာ
အရူးအမူး ချစ်တဲ့ အသည်းလေး မင်းခွဲသွား
အနာတောင် မကျက်သေးပါ
ပုံပြင်အသစ်တွေ ထပ်မပြောပါနဲ့
( နင် ပုံပြင်တွေကို မပြောပါနဲ့ ထပ်ပြီး)
မဖြစ်နိုင်ဘူး နင် ပစ်ခဲ့တဲ့ ခဲလေး ထိမိသူ
(မဖြစ်နိုင်ဘူး ) (နင် ပစ်ခဲ့တဲ့ ခဲလေး ထိခဲ့သူ )
အရင်လို ငါ့ကို နင်ညာမပြောပါနဲ့
(နင် အရင်လို မညာနဲ့ နောက် ထပ်ပြီး )
မဖြစ်နိုင်ဘူး နင် ဒီလို ညာပြီး ထားခဲ့သူ
မဆိုင်သလို နေတာ ကြာပြီပဲဟာ
ဘာကြောင့် ခုချိန်မှ ပြန်စဖို့တွေး
ပြန်လည်း မတွေးချင်ဘူး ဒီ အဖြစ်အပျက်တွေ
ငါ ယုံကြည်အောင် လှည့်စားပြီးမှ
ထပ်ပြီး ငါ့ အသည်းကို ခွဲဖို့လား
ငါ မငိုချင်ပါ နောက်ထပ်
သီချင်းကတော့ သီချင်းအေးလေးပါပဲ။ ဒါပေမဲ့ နားထောင်ပြီး အူလှိုက်အသည်းလှိုက်ကို ရီချင်တယ်။ ဘာ့ကြောင့်လဲဆိုတာကတော့ သဘောပေါက်တယ်ဟုတ် :P
ကျန်းမာပျော်ရွှင်ပါစေ :)
Credit to : DVB, PhoeWa
10.2.08 0 comments Labels: Download , News , Song
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Chyeju kaba sai