Myit Rum Ni

Get Downloader

Torrents Ra Jang

1 Mar 2008

PostHeaderIcon အိုစမာကြောက်တဲ့ ကြံ့ဖွတ်


အိုစမာဘင်လာဒင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်ဘက်တွင် ရောက်ရှိနေသော သတင်းတစ်ခုကို ချောင်ချိုချောင်ကြား မီဒီယာ တစ်ခုမှ လူသိရှင်ကြား ကြားသိခဲ့ရလေသည်။ ဖြစ်နိုင်ချေရှိသည်မှာ အိုစမာသည် အမေရိကန်တို့ လိုက်ရှာသည့်ဒဏ်မှ ကင်းဝေးအောင် ရှောင်တိမ်းရင်း မြန်မာပြည်ဘက်သို့ ရောက်ရှိလာဟန်တူသည်။

ထိုသတင်းကို ရသည်နှင့် မြန်မာပြည်မှ လူကြီးများလည်း အိုစမာကို သွားရောက်ရှာဖွေကြရာ နွားမွေးမြူရေးခြံတစ်ခုတွင် နွားနို့ညှစ်အလုပ်သမားအဖြစ် ဇာတ်မြှုပ်နေလေသော အိုစမာကို တွေ့ရှိရလေသည်။ အိုစမာနှင့် ပက်သက်ပြီး အမေရိကန်တို့ဂယက် မြန်မာပြည်သို့ရောက်ရှိလာမည် စိုးရိမ်သောကြောင့် ပြန်လည်ထွက်ခွာသွားပေးရန် ဘာမသိညာမသိ လူကြီးမင်းများ နှင့် ပါလေရာ မိရှောက်အဖွဲ့ဝင်များ သွားရောက်တောင်းဆိုကြလေသည်။ သို့သော် ကိုကြီးအိုစမာကတော့ ဂျစ်တီးဂျစ်ကန်လုပ်ပြီး မသွားဘဲနေနေလေသည်။ ဘဘဗိုလ်ချုပ်ကြီးမှ စပြီး ထွက်သွားပေးရန်ပြောဆိုခဲ့ရာ ၀န်ကြီးအဆင့် ရောက်သည်အထိ ဂျစ်တီးဂျစ်ကန် ဆက်ပြီးလုပ်နေသည်။

ထိုအချင်းအရာကိုမြင်ပြီး အားမလို အားမရဖြစ်နေသော ကျည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွတ်မွေးရေး ... အဲ ... ဖွံ့ဖြိုးရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်မှ ကိုကြီးအိုစမာခဗျာ ကောက်ခါငင်ကာ ချက်ခြင်းပြန်ထွက်သွားရှာလေတော့သည်။ ထိုသူ ပြောလိုက်သည့်စကားမှာ ...

" ဟေ့လူ ... ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ ကြံ့ဖွတ်ထဲ ထည့်လိုက်ရမလား " neener

ကျန်းမာပျော်ရွှင်ပါစေ :)

matut shana ai ....Dum nga n-ngai

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos