Myit Rum Ni

Get Downloader

Torrents Ra Jang

25 May 2008

PostHeaderIcon Just share!

သတ္တိနည်း သူရဲဘောကြောင်လှသော နအဖ ကြော်မတော်သားများသို့ စေတနာသတိပေးစကားသ၀ဏ်လွှာ

ကိုယ့်တိုင်းပြည်ကိုတော့ ချောက်ထဲကျဖို့ လက်တလုံးပဲ လိုတော့တာမို့ ကယ်တင်ပါတယ်ဆိုတဲ့ စကားလုံးကို မောင်နေ၀င်းလက်ထက်ကတည်းကသုံးလာခဲ့ပြီး ကိုယ့်ပြည်သူကိုတော့ ရက်ရက်စက်စက်နဲ့ နှိပ်စက်ခဲ့တာ ကမ္ဘာကလည်းသိခဲ့ပါပြီ။ မြန်မာပြည်သူတွေကိုလည်း ဒီလောက်နှိပ်ကွပ်နေတဲ့ကြားထဲက တဖြည်းဖြည်းနဲ့ သိလာခဲ့တာ အခုနာဂစ်မုန်တိုင်း တိုက်တဲ့အချိန်မှာတော့ ဘွားဘွားကြီးပေါ်လာခဲ့ပါတော့တယ်။

ပထမတချက်က တိုင်းပြည်ကို ကယ်တင်ပါတယ်ဆိုပြီး ပြည်သူလူထုကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တဲ့ စစ်အာဏာရှင်ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်ကိုပါ။

ဒုတိယတချက်ကတော့ တိုင်းပြည်ကို ထိပါးလာရင် တလက်မမျှမကျူးကျော်စေရ ဆိုတဲ့ မူဝါဒတွေချ၊ လူနေအိမ်တွေရွှေ့ခိုင်း စစ်တပ်ကြီးတွေဆောက် ပြည်သူတွေကို အငတ်ထားပြီး စစ်လက်နက်တွေဝယ်နဲ့ အခုတကယ်တိုက်မယ့်သူလည်းလာရော ကျားရေခြုံထားတဲ့ ယုန်သူငယ်လို သတ္တိနည်းလှ သူရဲဘောကြောင်လှတဲ့ လက်ရှိစစ်အာဏာရှင်တွေတည် ထောင်ထားတဲ့ စစ်တပ်ရဲ့ သရုပ်သကန်ကိုပါ။

ဒါဖြင့်ရင်ကောင်းပြီ အရပ်သားတွေလိုပဲ တွေးကြည့်ရအောင် ဒီလောက်တောင် “နိုင်ငံတော်ကို တလက်မမျှမကျူးကျော်ရ၊ ကျူးကျော်လာရင် မြန်မာ့တပ်မတော်အစွမ်းကို သိစေရမယ်” လို့ ကြွေးကြော်နေရင် အခု တလက်မတောင်မဟုတ်ဘူး မိုင်နဲ့ ချီပြီး ၀င်လာတဲ့ သူတွေကို ဘာဖြစ်လို့ မယှဉ်နိုင်တော့တာလဲ။ ကိုယ်က မယှဉ်နိုင်ရင် အစောကြီးကတည်းက အဲဒီဝင်လာသူတွေကို “ကူညီဟန်ဆောင်ပြီး မိမိနိုင်ငံကျူးကျော်ဖို့လာတာ” ဆိုတဲ့စကားတွေမပြောနဲ့၊ ရှင်းကိုပြမနေနဲ့လေ။ ကျူးကျော်သူကို အထိပါးမခံဘူး တော်လှန်ပစ်မယ်ဆိုရင် ကျူးကျော်ဖို့မပြောနဲ့ အနားကပ်တာနဲ့ ချပစ်ရမှာ။

တပ်မတော်က ဘာညာ အမိန့်က ဘာညာဆိုပြီး လေကျယ်နေတဲ့ ရုရှားရောက် စာမတတ် ပေမတတ် ခိုင်းတာကို ခေါင်းညိတ်အမိန့်နာခံရုံပဲ တတ်တဲ့ ကောင်လေးတွေကိုလည်း သတိပေးလိုက်ချင်ပါတယ်။ တရုတ်ဖြူကျူးကျော်သူတွေကို ချခဲ့တာ ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဦးဆောင်ခဲ့တဲ့
မြန်မာ့တပ်မတော်စစ်စစ်ပဲ။ အမေရိကန်နောက်ခံအင်အားရှိတဲ့တပ်တွေကို လက်နက်အင်အားမမျှဘဲ နိုင်အောင်တိုက်ခဲ့တာနော်။ အဲဒီတော့ အမှန်တကယ်သတ္တိမရှိဘဲ လေကျယ်နေတဲ့ ဇာတ်လမ်းထွင်ထားတဲ့စာတွေရေးတာရပ်ပါ။ သတ္တိနည်းသော မင်းတို့နဲ့ နည်းနည်းမှ မထိုက်တန်တဲ့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို ရှင်းမပြဖို့လည်း သတိပေးလိုက်ပါရစေ။ ကိုယ့်ရတဲ့ ဒေါ်လာ ၂၅၀ နဲ့ မလောက်လို့ ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်သုံးနေချိန်မှာ ပြည်သူကို စော်ကားတဲ့စကားတွေ လုံးလုံးမပြောမိပါစေနဲ့။

အခုတော့ ပခုံးပေါ်မှာ အပွင့်တပ် အရပ်ထဲမှာအငေးခံနေရတဲ့ သာယာမှုကို အဟုတ်ထင်ပြီး အခု တကယ်ချမယ့်ကောင်တွေလဲလာရော အသံတွေတိတ် ပါးစပ်တွေပိတ် အချိုးတွေပြောင်းသွားရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ထမင်းရှင် ပြည်သူတွေကို စော်ကားလို့ဆိုတာ သေတဲ့အထိ သတိရသွားအောင် ပြောလိုက်ပါရစေ။

ဗိုလ်အောင်ဒင်

စာကြွင်း အမေရိကန်ကို သေနတ်တချက်လောက် ပစ်ဖူးတယ်ရှိမှ ကိုယ့်ကို ချေပပါ ကြောက်မှူးချုပ်ကြီးနဲ့ ကြောက်ဗိုလ်ပေါက်စလေးများ


Dum nga n-ngai

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos