Myit Rum Ni
Manang Ni
-
-
-
NYAWM AI TSAW MYIT ( K-Triplet )7 years ago
-
Blog address galai sai lam.10 years ago
-
-
-
-
-
Portable VLC Media Player 0.9.715 years ago
-
-
-
-
-
-
24 Jun 2008
Myu Tsaw Ning hkring langai Wa Ah Shakut Shaja Ai Lam!




ဘဝရဲ့မုန်တိုင်းထဲကကယ်သူမဲ့လက်များ
ပုံကြီးချဲ့ရန် ပုံပေါ်တွင် Click လုပ်ပါ
မိတ်ဆွေတို့ ...
ရှေ့အပါတ်ထဲမှာ ရန်ကုန် နဲ့ အခြားမြို့ကြီးတွေမှာ ကျွန်တော့်ရဲ့ VCD ကို စပြီးအခမဲ့ဖြန့်ဝေပါတော့မယ်
နာမည်ကတော့ ဘဝရဲ့မုန်တိုင်းထဲကကယ်သူမဲ့လက်များ လို့ပေးထားပါတယ်
ဒီ VCD ထဲမှာ ဘဝရဲ့မုန်တိုင်း နဲ့ ကယ်သူမဲ့လက်များ MTV ၂ ပုဒ်နဲ့ မူရင်းသီချင်း ၂ ပုဒ် အသံ နဲ့ စာသားများကိုပါထည့်ပေးထားပါတယ်
ပြည်တွင်းက ကျွန်တော့် ညီလေးတွေ အဖမ်းခံရမယ့်ကြားကစွန့်စားပြီးဖြန့်ဝေပေးကြမှာပါ
ဒီအစီအစဉ်လုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကလေးလဲနဲနဲရှင်းပြချင်ပါတယ်
မြန်မာပြည်တွင်းမှာနေထိုင်နေတဲ့လူတွေက အပြင်ကလူတွေလောက် ပြည်တွင်းကဒုက္ခတွေကို မသိကြပါဘူး
သူတို့မသိအောင်လဲ စစ်အစိုးရက နှစ်ပေါင်းများစွာ မျက်စိပိတ် နားပိတ်လုပ်ထားခဲ့တာကြောင့်လဲဖြစ်ပါတယ်
Internet နဲ့ရင်းနှီးမှုမရှိတဲ့သူတော်တော်များများဆိုရင်သိထားကြတာက...
နာဂစ်ကြောင့် သစ်ပင်တွေလဲပြီး အမှိုက်တွေပွသွားတယ်..
တချို့နေရာတွေမှာလူသေတယ် အိမ်တွေပျက်သွားတယ်.. တချို့အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်..
ခုတော့လဲ နဂိုလိုဘဲပြန်ဖြစ်နေပါပြီ လို့ထင်နေကြတဲ့သူတွေအများကြီးရှိနေပါတယ်...
သူတို့ဒီလိုထင်သွားအောင်လဲ စစ်အစိုးရက သတင်းတွေကိုမှေးမှိန်အောင်လုပ်ပြီးအမှောင်ချထားခဲ့တယ်လေ...
ဒါကြောင့်တကယ်ဒုက္ခတွေရောက်နေပါတယ်လို့ပြောနေကြတဲ့ Media တွေ
မကြည့်ရက်လို့ ကူညီဖို့ပြောနေကြတဲ့ကိုသူရတို့လိုသူတွေကိုဖမ်းဆီးနှောက်ယှက်နေကြတာပေါ့
ဒီလိုနဲ့အယုံသွင်းခံနေရတဲ့ပြည်သူတွေလဲ ကြာလာတော့ ကိုယ့်ဘဝပြဿနာတွေနဲ့ဒါကိုမေ့စပြုလာကြတာပေါ့ဗျာ
ခက်တာက မုန်တိုင်းသင့်ဒေသတွေက ပြည်သူတွေ..
အထူးသဖြင့် ကလေးလေးတွေ သက်ကြီးရွယ်အိုတွေမှာ မုန်တိုင်းကြောင့်မသေဘဲ
ကူညီမဲ့အဖွဲ့တွေကိုနအဖရဲ့ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် စားစရာနဲ့ဆေးဝါးတွေ အချိန်မီမရရှိတော့ဘဲငတ်မွတ်သေဆုံးနေကြပါပြီ
ကိုသူရကိုဖမ်းသွားကထဲက သူနဲ့ပါတ်သက်ပြီးဆက်သွယ်လှူဒါန်းနေတဲ့ ပြည်ပကအကူအညီတွေလဲအားလုံးနီးပါးရပ်တန့်သွားခဲ့ပါတယ်
ဆက်ပြီးလုပ်ကိုင်ကူညီနေတဲ့အဖွဲ့လေးတွေလဲရှိသလို ကျွန်တော့်မိတ်ဆွေတချို့လဲပြည်တွင်းကိုပြန်ဝင်သွားပြီးကူညီနေကြပါပြီ
ခက်တာက အလှူငွေ၊ ပစ္စည်းတွေရရှိတာနဲ့ လိုအပ်နေတဲ့ပမာဏက လုံးဝမမျှဘူးဖြစ်နေပါသေးတယ်
ရွာသားတွေခမျာမှာ အိပ်စရာနေရာ ဝတ်စရာအဝတ်တောင် မရှိကြရှာပါဘူး
ထမင်းမစားရတဲ့နေ့တွေလဲ ခနခန ဖြတ်သန်းနေရပါတယ်
လှူနေတဲ့လူတွေလဲ အချိန်တခုအထိဘဲလုပ်ပေးနိုင်မှာပေါ့ဗျာ
ဒါတွေကိုမသိလို့ ဘာမှမလုပ်ပေးမိသေးတဲ့ပြည်တွင်းပြည်ပကမြန်မာတွေထဲမှာ ချမ်းသာတဲ့၊ ချောင်လည်တဲ့လူတွေလဲပါပါတယ်
သူတို့ထဲမှာတကယ်စိတ်ထားစေတနာကောင်းပြီး အခြေအနေတွေကိုလုံးဝအမှန်အတိုင်းမသိသေးတဲ့လူတွေအများကြီးရှိနေပါသေးတယ်
ဒီသီချင်းခွေလေးက သူတို့လိုလူတွေအတွက်ရည်ရွယ်ပြီးလုပ်ဖြစ်ခဲ့တာပါ
ကျွန်တော့်သီချင်းလေးကြောင့်မိတ်ဆွေရဲ့ရင်ထဲကလူသားချင်းစာနာသနားတဲ့စိတ်လေးလှုပ်ခတ်သွားခဲ့ရင်...
မိတ်ဆွေရဲ့နှလုံးသားဟာကျွန်တော်နဲ့တစ်ရောင်ထဲရှိနေပါသေးတယ်..
နားထောင်ပြီးတဲ့အခါ မိတ်ဆွေရဲ့ရင်ထဲမှာ ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်သွားတယ်ဆိုရင်...
အော် ငါလဲကူညီသင့်ပါလားဆိုတဲ့စိတ်လေးနဲ့ သနားစာနာမိသွားမယ်ဆိုရင်...
နားထောင်နေရင်းမျက်ရေကျမိတယ်ဆိုရင်...
ဒုက္ခသည်တွေကို အနည်းဆုံးငွေအားနဲ့တော့ကူညီပေးမယ့်သူတွေ ပြည်တွင်းပြည်ပမှာပိုများလာမယ်လို့ယုံကြည်ပါတယ်.....
ဒါကိုနားလည်တယ်ဆိုရင် ကျွန်တော့်ကိုတခုဘဲကူညီကြပါ
ကျွန်တော်တို့ဒီခွေကို ပြည်တွင်းမှာသောင်းနဲ့ချီပြီးအခမဲ့ဖြန့်ဖို့ကြိုးစားနေပါတယ်
ကျွန်တော်ကိုလေးဖြူတို့လိုလဲမချမ်းသာပါဘူး
ကျွန်တော်ငွေရေးကြေးရေးအဆင်မပြေပေမယ့် မိတ်ဆွေတွေရဲ့အကူအညီနဲ့ဖြစ်အောင်ကြိုးစားနေပါတယ်
ခက်တာကတရားဝင်လဲဖြန့်လို့မရဘူးလေဗျာ
ဒီအစိုးရကတော့ကျွန်တော့်ကိုအရမ်းမုန်းနေတာဆိုတော့ ကျွန်တော့်ရည်ရွယ်ချက်ကနိုင်ငံရေးနဲ့မပါတ်သက်တာလဲဂရုစိုက်မှာမဟုတ်ပါဘူး
သူတို့ကလူမှုရေးလုပ်တာကိုနိုင်ငံရေးအမြတ်ထုတ်တယ်လို့စွတ်စွဲနေကြလေ
ဒီတော့ မိတ်ဆွေတို့ကျွန်တော့စေတနာကိုနားလည်အသိအမှတ်ပြုနိုင်မယ်ဆိုရင်
အခုကျွန်တော်တင်ထားတဲ့ CD Lable လေးနဲ့ Cover လေးကိုသီချင်း MTV လေးတွေနဲ့အတူတူ ကိုယ့်နီးစပ်ရာတွေကိုပို့ပေးကြပါဗျာ
ပြန် print လုပ်ရလွယ်အောင် မူရင်း အရွယ်အစားကိုပါ CD Size တွေအတိုင်းတင်ပေးထားပါတယ်
Click လုပ်ပြီး Download လုပ်ယူရုံပါဘဲ
ပြီးတော့သူတို့ကိုလဲ VCD လေးတွေလုပ်ပြီးပြန်လည်ဖြန့်ဝေပေးဖို့တိုက်တွန်းပေးကြပါ
VCD လုပ်ဖို့ ဘဝရဲ့မုန်တိုင်း ကို ဒီမှာ Download လုပ်ယူကြပါ
ကယ်သူမဲ့လက်များ ကိုတော့ ဒီမှာ ရယူနိုင်ပါတယ်
VCD ကိုတည်းဖြတ်ပေးခဲ့တာကတော့ ရန်ကုန်ကကျွန်တော့်ညီလေး JJ ပါ
CD Label နဲ့ Cover ကို Design လုပ်ပေးခဲ့တာကတော့ New York ကကျွန်တော့်အကိုကြီးကိုမျိုးပါ
တခြားအဖက်ဖက်ကကူညီပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပကသူငယ်ချင်းတွေအားလုံးကိုလဲအရမ်းကျေးဇူးတင်ပါတယ်လို့ပြောပါရစေဗျာ
မြန်မာတွေအတွက်အမြဲကြိုးစားနေတဲ့
မျိုးချစ်မြန်မာ
http://myochitmyanmar.blogspot.com/
Dum nga n-ngai
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Chyeju kaba sai