Myit Rum Ni
Manang Ni
-
-
-
NYAWM AI TSAW MYIT ( K-Triplet )7 years ago
-
Blog address galai sai lam.10 years ago
-
-
-
-
-
Portable VLC Media Player 0.9.715 years ago
-
-
-
-
-
-
5 Jan 2008
Ko kyaw tu...

ဒါကိုကျွန်တော်တို့ သတင်းဌာနတွေကို ဖြန့်ကြရတော့မယ်
ထုံးစံအတိုင်းပေါ့ ကူဖြန့်ပေးကြပါ
ဒီတစ်ခါက ပိုပြီး Personal ဖြစ်ပါတယ်
ကျွန်တော်ချစ်တဲ့ အကိုတွေရဲ့ ကိစ္စမို့ပါ
ဒီတော့ ပိုဖြန့်ပေးကြပါဗျာ
ယုံပါတယ် အားလုံးကို
မိတ်ဆွေတို့အတွက်
မျိုးချစ်
ကိုကျော်သူ နှင့် ဂုဏ်သရေရှိ အောက်တန်းစားကြီးများ
ပြီးခဲ့တဲ့နေ့ကမှ အမ ရွှေဇီးကွက်နဲ့ ပထမဆုံးအကြိမ်ပြန်စကားပြောခွင့်ရခဲ့ပါတယ်
သူ့အသံကြားလိုက်ရတာ တော်တော် လဲဝမ်းသာပါတယ်
ဦးမောင် (ကိုကျော်သူ) အိပ်နေသေးလို့
အမနဲ့ဘဲ တော်တော်ကြာကြာပြောရင်းစောင့်နေဖြစ်ခဲ့ပါတယ်
( ဦးမောင် ဆိုတာက ရုပ်ရှင်လောကထဲ သူ့ကို မောင်မောင်လို့ခေါ် ကြတာကနေ
အငယ်တွေက ကိုမောင် ဦးမောင်နဲ့ ခေါ်ကြတာပါ
အဲဒိတုန်းက ကျွန်တော်ကလဲ ချာတိတ်ဆိုတော့ ဦးမောင်ဘဲခေါ်တာပေါ့နော်
တကယ်တော့ သူက အဲလောက်ကြီးတော့ မကြီးသေးပါဘူး )
ကိုယ်တိုင်မေးချင်နေတဲ့ မေးခွန်းလေးတွေတော်တော်များများလဲမေးဖြစ်ခဲ့ပါတယ်
အမကတော့ ထုံးစံအတိုင်း တဲ့တဲ့ဘဲပြောသွားပါတယ်
သူတို့ နာရေးကူညီမှုအသင်းက (နာမည်တော့မပြောတော့ပါဘူး)
အဲဒိလူကြီး သောက်ရှက်မရှိတဲ့အကြောင်းလဲပါတာပေါ့နော်
သူတို့ကိုလဲ စဖမ်းတော့မယ်လဲဆိုရော
တခါထဲ ရှုးရှုးတွေပါထွက်ပြီး အဲဒါကျွန်တော်တို့မပါပါဘူး
ကျော်သူနဲ့ ရွှေဇီးကွက် တို့ စတန့်ထွင်တာပါဆိုပြီး နအဖ ကို တိုင်တဲ့အကြောင်းတွေပေါ့
တကယ်ဆို အနဲဆုံး သူတို့ တကယ်ကို ထောင်တွေဘာတွေကျသွားတဲ့အထိစောင့်ပါဦးလား
ခုဟာက ဆိတ် ဟိုဒင်းလို ချက်ချင်း ဟိုဘက်ပြေးကပ်တာ တော်တော့်ကို အရှက်မရှိတာပေါ့
ခုတော့အမကပြန်ချဲလိုက်တော့ သူ့ဘာသာသူ သောက်ရှက်ကွဲပြီး နှုတ်ထွက်သွားပါပြီတဲ့…
ဝမ်းသာပါတယ် လောက်တကောင် စောစော သေသွားတာ…
ခနနေတော့ ဦးမောင် နိုးလာတော့မှ သူနဲ့ပြောဖြစ်ပါတယ်
မကြားရတာကြာတဲ့ ကျွန်တော့်အကိုကြီးအသံ ဒီတစ်ခါနားထောင်လို့ အကောင်းဆုံးပါဘဲ
သူတို့ အဖမ်းခံရတယ်ဆိုတဲ့နေ့တုန်းက ကျွန်တော် မနက် ၅ နာရီထိ
ဧည့်ခန်းထဲမှာ ဒေါသထွက်ပြီးမျက်ရေကျ ခဲ့ရတာတွေတော့ ပြောမပြလိုက်ပါဘူး
ဦးမောင်ပြောသွားတာတွေက သဘာဝကျပါတယ်
ဘယ်သူတွေဘယ်လောက် ကြိုးစားပေမယ့်
လူထုကြီးပါလာမှသာ လူထုလှုပ်ရှုားမှုဖြစ်မယ်ဆိုတဲ့အသိကိုပေးခဲ့ပါတယ်
ဒီစကားတွေပြောနေရင်း ဦးမောင်ပြောပြတာတခုကိုတော့ စိတ်မကောင်းပါဘူး
သူရော ကိုသူရရော ဒီအရေးအခင်းနဲ့ ပါတ်သက်ပြီး အနုပညာပိုင်းမှာ အပိတ်ပင်ခံခဲ့ရပါတယ်
ဒါလူတယောက်ရဲ့ လုပ်စားနေရတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ပိတ်ဆို့တာပါဘဲ
အဲဒါ လူ့ အခွင့်အရေး ချိုးဖေါက်ခံရတာဘဲဖြစ်ပါတယ်
သူရိုက်ပြီးသား ရုပ်ရှင်နဲ့ ဗီဒီယို တွေပါအပိတ်ခံရတဲ့ ကိစ္စပါဘဲ
လောလောဆယ်ကို ရုပ်ရှင် ၂ ကားနဲ့ ဗီဒီယို ၅၈ ကား အားလုံးပေါင်း ကား ၆၀ ရှိနေပါပြီ
ပိုဆိုးတာက ဒီထဲကကားတွေမှာ သူတို့ အကယ်ဒမီ ရအောင် မှန်းပြီးကြိုးစားထားခဲ့ပါတယ်
ဥပမာ ဒါရိုက်တာ ဒေါ် အိအိခိုင် ရိုက်တဲ့ ရတနာ ဆိုတဲ့ကားမှာ
သရုပ်ဆောင်ဆု အတွက် ကိုကျော်သူ နဲ့
ဇာတ်ပို့ဆုအတွက် ကိုသူရ တို့ ကို လျာထားပြီးခါမှ
ဒီအရေးအခင်းထဲဝင်ပါလို့
ဘုန်းကြီးတွေကို ဆွမ်းကပ်လို့ ဆိုပြီး
အကယ်ဒမီ ကငြင်းပယ်လိုက်ပါတယ်
ခနနေတော့ နိုင်ငံတကာ Pressure တွေဝင်လာပြန်တော့ ပြန်ထည့်လိုက်ပြန်ပါရော
ဟော တော်ကြာနေတော့ ပြန်ထုတ်ပြန်ရော …
တော်တော်လေးကို ကလေးကလားဆန် ပြီး အောက်တန်းကျပါတယ်ဗျာ
ဒီအကြောင်းကို ကျွန်တော် သတင်းဌာနတွေ ကိုလဲ ရေးကြပြောကြစေချင်ပါတယ်
ဒီအောက်တန်းစားကြီးတွေက သူတို့တနည်းနည်းနဲ့ နိုင်ရပြီးရောဆိုပြီး
ညစ်ပတ်တဲ့စိတ်နဲ့ လုပ်နေတာ သိသာလွန်းပါတယ်
ဥပမာဗျာ လူတွေစိတ်ဝင်တစား လေးလေးစားစားကြည့်နေတဲ့
မျက်စိ နဲ့ နားတွေကိုဖွင့်ပေးနေတဲ့ သူတို့မဟုတ်တာလုပ်သမျှ ဖေါ်ထုတ်ပေးနေတဲ့
နိုင်ငံခြားသတင်းဌာနတွေကို မကြည့်စေချင်တော့တာနဲ့
စလောင်းဖိုးတွေကို တနှစ် ၆၀၀၀၀ ကနေ ဆယ်သိန်းထိတိုးလိုက်တယ်ဗျာ
အဲဒါ ၁၆၆ ရာခိုင်နှုန်း မြှင့်လိုက်တာပါဘဲ ဘယ်နိုင်ငံမှာမှမဖြစ်ဖူး မကြုံဖူးပါဘူး
သေချာတာတခုကတော့
သူတို့ဘာသာဘယ်လိုလိမ်လိမ်
ဘာအ၀တ်အစားတွေဝတ်ဝတ်
ဘယ်လောက်ဂုဏ်သရေ ရှိချင်ယောင် ဆောင်ဆောင်
အောက်တန်းစားဘ၀ကလာခဲ့တယ် ဆိုတာဖုံးကွယ်လို့မရတာ သက်သေပြနေကြပါတယ်
ဒီတော့ ကျွန်တော်ဒီကနေ တခုဘဲပြောချင်ပါတယ်
လူ့အခွင့်အရေးကို ဆန့်ကျင်ချိုးဖေါက်မှုတစ်ခု ဖြစ်တဲ့
အနုပညာအရ လုပ်စားခွင့်ကို ပိတ်ပင်ခံထားရတဲ့
ကိုကျော်သူ ကိုသူရနဲ့ အခြား မြန်မာအနုပညာရှင်တွေရဲ့ကိုယ်စား
ကားအကောင်းစားကြီးတွေစီး
အိမ်ကောင်းကြီးတွေပေါ် မှာနေ
သားရေပေါ်အိပ် ပြီး သားရေနားစားနေတဲ့
ဂုဏ်သရေရှိလှပါတယ်ဆိုတဲ့
မိန်းမလိုမိန်းမရ လို့ပြောရမှာတောင် မိန်းမအစစ်တွေကိုအားနာဖို့ကောင်းတဲ့
အောက်တန်းစား စစ်ခွေးအိုကြီးတွေကို
လုံးဝလုံးဝ ပြင်းထန်စွာ ရှုံ့ချ လိုက်ပါတယ်ခင်ဗျား….

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Chyeju kaba sai