Myit Rum Ni

Get Downloader

Torrents Ra Jang

5 Jan 2008

PostHeaderIcon Matut shana ai..




ယမန်နှစ်က စည်ကားခဲ့သော ကချင်ပြည်နယ်နေ့ မနောပွဲ

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဇန္န၀ါရီလ ၁၀ရက်နေ့သည် ကချင်ပြည်နယ်နေ့ ဖြစ်သည်၊ ယခုနှစ်သည် တမူထူးခြားစွာ အနှစ် ၆၀ပြည့် မနောပွဲနှင့် အတူ ဇန္န၀ါရီလ (၁)ရက်နေ့မှစတင်ကာ ၁၁ရက်နေ့ အထိ စီတာပူရပ်ကွက် မနောကွင်းထဲတွင် ပြုလုပ်မည်ဟု သိရှိရသည်။

ကချင်ပြည်နယ်နေ့ နှင့် မနောပွဲ အနှစ်၆၀ပြည့် တိုက်တိုက်ဆိုင်ဆိုင် ကျင်းပခြင်းဖြစ်သည်ဟုသိရှိရပြီး၊ ယင်းပွဲအား KIO နှင့် စစ်အစိုးရ ပူပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်၊ မနောကွင်း၏ အရှေ့ဖက်ရှိ အားကစားကွင်းထဲတွင် အာရုံပြောင်းစေမည့် လောင်းကစားပွဲများမှာ လေးကောင်ဂျင်၊ ဂလုံးဂလုံး၊ မြားပေါက်၊ စင်္ကြာလှည့်ခြင်းများ အစရှိသော လောင်းကစားနည်း ပေါင်းစုံရှိသည်ဟု ဒေသခံမှ ဖြေဆိုသည်၊

လူမြင်ကောင်းသည့် ဘော်လုံးပွဲ၊ မယ်ပြိုင်ပွဲ၊ စတိတ်ရှိုး၊ ဖက်ရှုင်ရှိုးများလည်းပါရှိမည် ဟုဆိုသည်၊ တလောက မေခ၊မေလိခ မြစ်ဆုံရေကာတာ တည်ဆောက်ရေး လုပ်ငန်းအား ဒေသခံများ ကန့်ကွက်ပြီးသည့်နောက် ၄င်းပရိုဂျက်အား ရပ်ဆိုင်းရထားပြီး ယင်းစီမံကိန်းမှ မြန်မာတဦး စက်လှေမှောက်၍ ရေနစ်သေဆုံးသွားသည်မှာ မှန်ကန်ပါ ကြောင်း ဒေသခံတဦးမှ ဖြေဆိုပါသည်။

မြစ်ကြီးနားမှ ပြည်သူများမှာ စက်တင်ဘာတော်လှန်ရေးတွင် စတင်ဦးဆောင်ခဲ့သော မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ယခင်ဦးပေါက်ဆိန်ကျောင်း၊ ယခု ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းမှ အင်္ဂလိပ်စာပြ ဆရာတော် ဖမ်းဆီးခံရပြီး မြစ်ကြီးနားမြို့တဖက်ကမ်း ၀ိုင်မော်စစ်ကြောရေးတွင် ယင်းဆရာတော်အား ရိုက်နှက်စစ်ကြောရာ လက်လွန်သေဆုံးမှု အပေါ် မြို့ခံများမှ မကျေမနပ်ဖြစ်နေရာ ယခုကဲ့သို့ ပြည်နယ်နေ့နှင့် ခါတော်မှီ ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်သူများအား လှည့်ဖြား အာရုံလှည့်ပြောင်းခြင်း သက်သက်သာ ဖြစ်သည်ဟုဆိုသည်။

ဒေသခံစီးပွားရေးသမား တဦးအားမေးမြန်းရာတွင်လည်း "သူတို့တကယ်လုပ်ရမှာက ဒီလိုပွဲမဟုတ်ဘူးဗျ အဓိက က လောင်စာ၊ ဓါတ်ဆီဈေးတက်နေတယ် ဒီတော့ ကုန်ဈေးနှုန်းပါလိုက်တက်တယ် အရေးထဲ နယ်စပ်ဖြစ်တဲ့ လိုင်ဇာ - မြစ်ကြီးနား၊ ဗန်းမော် - မြစ်ကြီးနား ကားလမ်းတွေမှာ ပိတ်ပြီးဖမ်းနေတော့ အားလုံးဈေးတက်လာတယ်၊ အခုပွဲလည်း အနှစ်၆၀ပြည့်ပွဲလည်း အကြီးအကျယ်လုပ်တာ ဆိုပေမဲ့ စားဝတ်နေရေး ကြပ်တည်းနေတဲ့ ကာလမှာ သူတို့ရေလိုက် လွဲနေတယ်လို့ မြင်ပါတယ် လောင်းကစားတွေကြောင့် မှုခင်းတွေတိုးလာတာပဲ အဖတ်တင်မှာ လို့" ဟစ်တိုင်အားဖြေကြားသွားပါတယ်။
ကိုရုပ်ဆိုး( မနောမြေ )

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos