Myit Rum Ni
Manang Ni
-
-
-
NYAWM AI TSAW MYIT ( K-Triplet )7 years ago
-
Blog address galai sai lam.10 years ago
-
-
-
-
-
Portable VLC Media Player 0.9.715 years ago
-
-
-
-
-
-
14 Feb 2008
ချစ်ခင်လေးစားသူများ၏အမြင်များကောက်နုတ်ချက်များသာ

matut shana ai ....Dum nga n-ngai
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ တော်လှန်ရေးတိုက်ပွဲကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကျဆုံးသွားခြင်းအား အထူးကြေကွဲဝမ်းနည်းရပါကြောင်း၊ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါကြောင်းနှင့် ကရင်အမျိုးသားထုတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှခံစားရပါကြောင်း ကြေညာအပ်ပါသည်။
“ကေအန်ယူအတွင်းရေးမှူး ဖဒိုမန်းရှာဟာ ကရင်အမျိုးသား တော်လှန်ရေးအတွက် ရဲဘော်ရဲဘက်ကောင်း ဖြစ်ပါတယ်။ သူတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်းမှာလည်း သူ့ကရင်အမျိုးသားရေးအတွက် သာမက မြန်မာပြည်အရေး အတွက်ပါ စေတနာရှိရှိ စိတ်ဝင်တစား ထမ်းဆောင်ခဲ့တဲ့ လူပါ။ကေအန်ယူဆိုတာ နိုင်ငံရေးပါတီ ပေါက်စလည်း မဟုတ်ပါဘူး။ သဘာလည်း ရင့်လာပါပြီ။ သူတို့ ဆက်ချီတက်နိုင်လိမ့်မယ်လို့ ယုံပါတယ်။ ဘာမှတော့ ခေါင်းဆောင်မှု၊ ဖွဲ့စည်းမှုဖြစ်စေ၊ ဆက်ချီတက်မှုမှာဖြစ်စေ ထူးထူးခြားခြား ဂယက်ရိုက်မယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဖဒိုမန်းရှာမှာက သူ့ရဲ့အားသာချက်၊ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ရှိနေတော့ အဲဒါတွေအတွက် သူတို့ ဆုံးရှုံးသွားမှာပေါ့။“ကျနော် ဒီသတင်းကြားတော့ အရမ်း တုန်လှုပ် ခြောက်ခြားမိတယ်။ ဒီကိစ္စက ကေအန်ယူအတွက် တကယ့်ကို ဆုံးရှုံးမှုကြီး တခုပေါ့နော်။ ဒီကိစ္စမှာ ရန်သူ နအဖ ရဲ့ လက်ချက်ကတော့ မကင်းလွတ်ဘူးလို့ မြင်တယ်။ ကေအန်ယူအတွက်သာ မဟုတ်ဘူး၊ တိုင်းရင်းသား ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် တကယ့်ကို မဟာဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။“ဖဒိုမန်းရှာက သူ့ဘဝတခုလုံးကို တော်လှန်ရေးထဲ ပုံအပ်ပြီး လုပ်နေတဲ့ တော်လှန်ရေးသမား တယောက်ပါပဲ။ သာမန် တခြား တော်လှန်ရေးသမားနဲ့ မရောထွေးစေချင်ပါဘူး။ သူက ပြည်သူလူထု အပေါ်မှာလည်း တစုံတရာ သြဇာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက်ပါပဲ။ ဒါဟာ နှမြောစရာ၊ ဝမ်းနည်းစရာပါပဲ။ ကျနော်တို့ အတော့်အတော်ကို အံ့လည်း အံသြသွားတယ်။ သိပ်လည်း ခံစားမိပါတယ်။
ပဒိုမန်းရှာ လုပ်ကြံခံရ၍ သေဆုံးသွားသောကြောင့် မိသားစု အပါအ၀င်၊ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် တကွ ထပ်တူ ၀မ်းနည်းမိပါသည်။

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Chyeju kaba sai