Myit Rum Ni

Get Downloader

Torrents Ra Jang

12 Feb 2008

PostHeaderIcon ၁၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသို့ ဦးမတည်ဟု KNO ပြောကြား

matut shana ai ....Dum nga n-ngai

ချင်းမိုင်။ ။ ၁၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးသို့ ဦးမတည်ဘဲ၊ ဖိနှိပ်ချုပ်ချယ် ညှဉ်းပမ်း နှိပ်စက်မှုကိုသာ တမျိုးသားလုံး တွေ့ကြုံခံစားနေရကြောင်း ပြည်ပအခြေစိုက် ကချင် အမျိုးသားအစည်းအရုံး (KNO) က ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် ကချင်အမျိုးသား အစည်းအရုံးက ကြေညာချက်တရပ် ထုတ်ပြန်ကာ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNO တွဲဖက်အတွင်းရေးမှူး ဦးဦမားတူးကလည်း “သွေးအေးတိုက်ပွဲ ခံနေရတယ်။ ကျနော်တို့ရဲ့ နယ်မြေတွေကို ဖက်စပ် လုပ်ကွက်တွေ လုပ်လိုက်တယ်။ ရွာတွေကို ပြောင်းခိုင်းတယ်။ တနိုင်း၊ ဟူးကောင်း နယ်မြေတွေဟာ ကေအိုင်အိုနယ်မြေ ဖြစ်တယ်။ ကျေးရွာတွေကို ရွှေကျင်းတွေ လုပ်ပေးလိုက်တယ်။ ရွာသားတွေ ငြိမ်းချမ်းမှုမရဘူး။ ငြိမ်းချမ်းရေးဘက် ဦးတည်တာ မဟုတ်ဘဲနဲ့ တဖက်မှာ လူမျိုးပျက်သုဉ်းအောင် လုပ်နေတယ်။ ကျနော်တို့ကို သွေးအေးအေးနဲ့ စစ်တိုက်နေတာ ဖြစ်တယ်လို့ ပြောချင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ကြီးမားသည့် ပြဿနာကြီးအဖြစ် ကချင် အမျိုးသမီးငယ်များ အဓမ္မ ကျင့်ခံရသလို၊ လူကုန်ကူးခံရခြင်းများလည်း တည်ရှိနေပြီး မူးယစ်ဆေးဝါးနှင့် အသေအပျောက် များနေခြင်းတို့ကို နအဖ စစ်အစိုးရမှ တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

၁၉၉၄ ခုနှစ်ကတည်းက စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော KIO အဖွဲ့မှ သုတေသနနှင့် လေ့လာရေးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဂွမ်မော်ကမူ “အပစ်အခတ် ရပ်စဲထားတဲ့ ၁၄ နှစ် အတောအတွင်းမှာ ခေါင်းစဉ်ငယ်နဲ့ ပြောမယ်ဆိုရင် အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကိုယ်က ဘာကို လိုလားတယ် ဆိုတာကို လိုက်ပြီးတော့ တယောက်နဲ့တယောက် အမြင်တော့ မတူဘူး။ အဲဒါကတော့ ပြောမယ်ဆိုရင် အများကြီး ကျယ်ပြန့်မယ်လို့ ထင်တယ်။ ကိုယ်လိုချင်တာ မရပေမဲ့ ကောင်းတာတွေ ရှိပါတယ်” ဟု ပြောသည်။

ယမန်နှစ်က နအဖ အမျိုးသားညီလာခံသို့ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ပတ်သက်သည့် တောင်းဆိုချက် ၁၉ ချက်နှင့် ပတ်သက်ပြီး KIO ဗိုလ်မှူးကြီးက “ကျနော်တို့ တောင်းဆိုထားတယ်။ ပေးဖို့ကတော့ သူတို့ တာဝန်ပါ။ ဒီညီလာခံကတော့ ပေးတယ်၊ မပေးဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီမှာတော့ ဥပဒေရှုထောင့်ကနေ ကြည့်မယ်လေ။ ဥပဒေ ရှုထောင့်ကနေ ဘယ်လောက် ပါလာမလဲ ဆိုတာကို ကျနော်တို့ စောင့်နေတယ်။ အလုပ်တခုဆိုတာ ပြီးဆုံးအောင် စောင့်ရမယ်လေ” ဟု ပြောသည်။

ကချင်တော်လှန်ရေးနေ့သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်တမျိုးသားလုံး တန်းတူ အခွင့်အရေး ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို စတင်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ နေ့ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အပစ်အခတ်ရပ် KIO သည် ဌာနချုပ်အခြေစိုက်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့တွင် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲကို ယခုလ ၂ ရက်နေ့မှ ယနေ့အထိ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြောက်ပိုင်းတိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်း၊ ကချင်ယဉ်ကျေးမှု အဖွဲ့များ၊ ကချင်အမျိုးသား ဒီမိုကရက်တစ် တပ်မတော် NDAK၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် KDA ၊ ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA၊ ပလောင် ပြည်သူ့လွတ်မြောက်ရေး ပါတီ PLP၊ တရုတ်ပြည် ယူနန်ပြည်နယ်မှ ကချင်ယဉ်ကျေးမှု အဖွဲ့များနှင့် ကချင်ပြည်နယ်ရှိ ခရစ်ယာန် ဘာသာဝင် ဂိုဏ်းပေါင်းစုံလည်း တက်ရောက်ခဲ့သည်။

ထို့အပြင် ကချင်တော်လှန်ရေးနေ့ အခမ်းအနားများကို ဒိန်းမတ်၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ အင်္ဂလန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ကျင်းပကြသည်။

နအဖ စစ်ဘက်ရေးရာ လုံခြုံရေးဌာန အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်သည် ယခုရက်ပိုင်းအတွင်း ရှမ်းပြည် (မြောက်ပိုင်း) ရှိ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို၊ နအဖ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်ကလည်း ယခုလဆန်းပိုင်းက ကချင်ပြည်နယ် အတွင်းရှိ အပစ်ရပ် KIA နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA (K) တို့ကို သွားရောက်တွေ့ဆုံ၍ ရွေးကောက်ပွဲအသစ် ကျင်းပလျှင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲ ဝင်ရောက်ရေး တိုက်တွန်းခဲ့ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

KIO ဒုနိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်က “ပြည်သူလူထုက လိုချင်တဲ့ သူကို ရွေးချယ်ဖို့ အဖြေရှာရမယ့် အချိန်ရောက်ပါပြီ။ အဲဒီတော့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ သွေးစည်းညီညွတ်ပြီး ခေါင်းဆောင်ကို ရွေးချယ်ဖို့ လိုအပ်နေပါပြီလို့ ပြောချင်ပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေက အုပ်ချုပ်ဖို့ မဟုတ်တော့ဘူး၊ ပြည်သူတွေကို ဘယ်လို ကာကွယ်မယ် ဆိုတာကို ပြောချင်တယ်” ဟု ပြောသည်။

“လက်နက်ချဖို့နဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘာမှမပြောသေးဘူး။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာပဲ အခု အစိုးရသစ် တက်လာမှ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးရအောင်လို့ ပြောလာတဲ့အတွက် ဆွေးနွေးပွဲ မရောက်မချင်းက လက်နက် ချပါ၊ မချပါ ဆိုတာ ဘာမှ ပြောဖို့ မလိုသေးဘူး ဆိုတော့ ကျနော်တို့ ဘာမှ မစဉ်းစားသေးပါဘူး” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

အမည်မဖော်လိုသူ KIO ဗိုလ်မှူးတဦးကမူ “ကျနော်တို့ လက်ခံနိုင်ရင် လက်ခံမယ်။ လက်မခံနိုင်ဘူး ဆိုရင်လည်း ဘယ်တတ်နိုင်မှာလဲ။ ဒါပေမဲ့ ကျနော်တို့ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ လိုချင်တာကတော့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်။ ဒါပဲ” ဟု မဇ္ဈိမကို ပြောသည်။

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos