Myit Rum Ni

Get Downloader

Torrents Ra Jang

6 Aug 2008

PostHeaderIcon Manu Dan Ai Gasi Ni 2

 
ကြိုတင်ဝန်ခံချက် - ကျနော်ဖတ်ဖူးသော အင်္ဂလိပ်စာအနည်းအကျဉ်းကို နားလည်မိသလောက် ရေးထားခြင်းပါ။
တစ်နေ.မှာ ကျောင်းဆရာကြီးတစ်ယောက်က သူ.ရဲ.ကျောင်းသားတွေကို ပဟေဌိ မေးခွန်းတွေအပြန်အလှန်မေးပြီး အရည်အချင်း စမ်းသပ်မယ်လို. စိတ်ကူးရခဲ.ပါတယ်။ ဒါနဲ. သူက ကျောင်းသားတွေကို မေးခွန်းတစ်ခု စပြီး မေးလိုက်ပါတယ်။
“ဘုရားသခင် ဟာ ရှိသမျှအရာအားလုံးကို ဖန်ဆင်းပြုလုပ်ထားပါသလား”
ကျောင်းသားတစ်ယောက်က လွယ်လွယ်ပဲ ဖြေလိုက်ပါတယ်။ “ဟုတ်ပါတယ် ခင်ဗျာ…”
ဆရာကြီးက ထပ်ပြီးမေးပါတယ်။ “အလုံးစုံသော အရာအားလုံးကိုလား”
ကျောင်းသားကလည်းပြန်ဖြေပါတယ်။ “ဟုတ်ကဲ.၊ အရာအားလုံး ပါပဲ”
ဆရာကြီးက ပြုံးလိုက်ပါတယ်။ ပြီးတော. ကျောင်းသားကို ဒီလိုမေးလိုက်ပါတယ်။
“ဒါဆိုရင် မကောင်းမှုအကုသိုလ် (Evil) ဆိုတာကိုလည်း ဘုရားသခင် ဖန်ဆင်းပြုလုပ်ထားတာပဲလား“

ဒီအခါမှာတော. ကျောင်းသားလေးမှာ ဖြေစရာ စကားမရှိပဲ ငြိမ်သက်သွားရပါတယ်။ အဲဒီအချိန်မှာ အခြားကျောင်းသားတစ်ယောက်က ရုတ်တရက် သူ.လက်ကိုမြှောက်လိုက်ပြီး “ဆရာကြီးခင်ဗျာ…ဆရာကြီးကို ကျနော်မေးခွန်း တစ်ခု မေးခွင်.ပြုပါ” လို. ပြောလိုက်ပါတယ်။ ဆရာကြီးကလည်း မေးခွင်.ပြုပါတယ်။ ကျောင်းသား က မေးပါတယ်။
“အအေးဓာတ် (Cold) ဆိုတာရှိပါသလား” ။ ဆရာကြီးက ချက်ချင်းပဲ ပြန်ဖြေပါတယ်။ “ဟာ ရှိတာပေါ.၊ မင်း တစ်ခါမှ အေးတယ်လို. မခံစားဘူးဖူးလား”
ကျောင်းသားကပြန်ပြောပါတယ်။
“ရူပဗေဒ ပညာရပ်ကို လေ.လာမှုအရဆိုရင် အအေးဓာတ် (Cold) ဆိုတာ အမှန်တကယ် မရှိပါဘူး။ အအေးဓာတ်ဆိုတာ အပူဓာတ် (Heat) တွေ အလုံးစုံ ပျောက်ဆုံးသွားခြင်းပါပဲ” ။ ကျောင်းသားက ဆက်ပြီးပြောပါတယ်။
“ရူပဗေဒဘာသာရပ်မှာ ရုပ်ဝတ္တုတစ်ခုရဲ. အပူဓာတ်နဲ. စွမ်းအင် (Heat and Energy) အကြောင်း ကိုသာ လေ.လာနိုင်ပါတယ်။ အအေးဓာတ် (Cold) ဆိုတာကို မရှိပါဘူး။ ရုပ်ဝတ္တုတစ်ခုမှာ စွမ်းအင် (Energy) ရှိတယ် ဆိုတာလည်း အဲဒီရုပ်ဝတ္တုရဲ. အပူဓာတ် (Heat)ရှိနေခြင်းပါပဲ။ အပှူဓာတ်မရှိတော.တဲ. ရုပ်ဝတ္တုတစ်ခုဟာ စွမ်းအင် ပျောက်ဆုံးသွားပြီး ဘာမှတုံ.ပြန်နိုင်စွမ်းမရှိပါဘူး။ အကောင်ဆုံး ဥပမာ ပြရရင် သေဆုံးသွားတဲ.လူတစ်ယောက်ရဲ. ခန္ဓာကိုယ်ဟာ အပူဓာတ် (Heat) ရှိမနေတော.ပဲ အေးစက် (Cold) နေခြင်းပါပဲ”
ကျောင်းသားက သူ.စကားကို ခဏရပ်လိုက်တယ်။ ဆရာကြီးက သူပြောမှာကို စောင်.နေသလိုပါပဲ။ ကျောင်းသားက ဆက်ပြောပါတယ်။ “အအေးဓာတ်(Cold)ဆိုတာ မရှိပေမယ်. အပူဓာတ် (Heat) တွေပျောက်ဆုံးသွားခြင်းကို ရှင်းပြနိုင်ဖို.အတွက် အအေးဓာတ် (Cold) ဆိုတဲ. ဝေါဟာရကို ကျနော်တို. ဖန်တီးထားပါတယ်”
ကျောင်းသားက ထပ်မေးပြန်ပါတယ်။ “အမှောင် (Darkness) ဆိုတာရော ရှိပါသလား ဆရာကြီးခင်ဗျာ”
ဆရာကြီးလည်းဖြေတာပေါ. “ရှိတယ်” လို.။
ကျောင်းသားက ပြောပါတယ်။
“ဆရာကြီး မှားပြန်ပြီ။ အမှောင် (Darkness) ဆိုတာ အလင်းရောင် (Light) အလုံးစုံပျောက်ဆုံးခြင်းပါ။ ဆရာကြီး အနေနဲ. ရူပဗေဒဘာသာရပ်မှာ အလင်း (Light) နဲ. အလင်းတွေရောင်ပြန်ဟပ်လို.ဖြစ်လာတဲ. တောက်ပခြင်း (Brightness) ဆိုတာကိုပဲ လေ.လာတွေ.နိုင်ပါတယ်။ အမှောင် (Darkness) ဆိုတာ မပါပါဘူး”
ကျောင်းသားက ဆက်ပြောပါတယ်။
“အမှောင် (Darkness) ဆိုတာလည်း အလင်းရောင် (Light) အလုံးစုံပျောက်ဆုံးခြင်း ကို ဖေါ်ပြဖို. ကျနော်တို.လူသားတွေ ဖန်တီးထားတဲ. ဝေါဟာရတစ်ခုပါပဲ”
ဆရာကြီးဟာ ကျောင်းသားကို ငေးကြည်.နေပါတယ်။ ကျောင်းသားက နောက်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။
“မကောင်းမှုအကုသိုလ် (Evil) ဆိုတာရော…ရှိပါသလား ဆရာကြီး” ဒီတစ်ခါမှာတော. ကျောင်းသားက သူ.ဘာသာပဲ ဆက်ဖြေရင်း ပြောပါတယ်။
“ဘုရားသခင်က မကောင်းမှုအကုသိုလ်တွေကို မဖန်ဆင်းပါဘူး။ မကောင်းမှုအကုသိုလ်ဆိုတာ လူသားတွေရဲ.နှလုံးသားထဲမှာ ဘုရားသခင် ပျောက်ဆုံးခြင်းပါပဲ။ ဒါဟာ မေတ္တာတရား (Love) နဲ. ယုံကြည်မှု (Faith) တွေ ပျောက်ဆုံးတာလည်းဖြစ်ပါတယ်။“
ကျောင်းသားက သူရဲ.စကားကို အောက်ပါအတိုင်း အဆုံးသတ်လိုက်ပါတယ်။
“မေတ္တာတရား နဲ. ယုံကြည်မှု (Love and Faith)ဆိုတာ အပူဓာတ် နဲ. အလင်းရောင် (Heat and Light) လိုပါပဲ။ မေတ္တာတရား (Love) ပျောက်ဆုံးတဲ.အခါ လူသားတွေအချင်းချင်း ဆက်ဆံမှုဟာ စာနာထောက်ထားမှုမရှိပဲ အေးစက်စက်ဖြစ်နေပါလိမ်.မယ်။ ဒီလိုပါပဲ ယုံကြည်မှု (Faith) ပျောက်ဆုံးတဲ. အခါလည်း လူသားတွေရဲ. ဘ၀ခရီးမှာ အမှောင် (Darkness) ရောက် လာပြီး ဦးတည်ချက်မရှိ လမ်းပျောက် တတ်ပါတယ်၊ အမှားအမှန်လည်း မခွဲခြားနိုင်တော.ပါဘူး။ နောက်ဆုံးတော. မေတ္တာတရား နဲ. ယုံကြည်မှု (Love and Faith) တွေပျောက်ဆုံးသွားပြီဆိုရင် လူသားတွေဟာ လောကကြီးမှာ မကောင်းမှုအကုသိုလ် (Evil) လုပ်ဖို.၀န်မလေးတတ်ကြတော.ပါဘူး”
ဒီတစ်ခါမှာတော. ဘာမှမပြောနိုင်လောက်အောင် ငြိမ်သက်သွားသူက ဆရာကြီး ဖြစ်နေပါတော.တယ်။
မှတ်ချက် - ထိုကျောင်းသားရဲ. အမည်မှာ အဲ(လ်)ဗတ် အိုင်းစတိုင်းဖြစ်ပါသည်။

Copy From သခင်မင်း
Shana ai Shanghtin

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos